WELCOME TO FAMILY PRIVATE HIGH SCHOOL

မိသားစုကျောင်းကနေ ရင်းနှီးနွေးထွေးစွာ ဖိတ်ခေါ်ပါရစေ             မိဘများခင်ဗျာ ယနေ့ကမ္ဘာမှာစက်ရုံတွေကို ဖွံဖြိုးပြီးတိုင်းပြည်တွေကနေ ကုန်ထုတ်စရိတ်သက်သာတဲ့ တိုင်းပြည်တွေကို ရွှေ့ပြောင်းတည်ဆောက်လာကြပါတယ်။ ကျန်းမာရေးမှာလည်း အနောက်နိုင်ငံရှိ အချို့နိုင်ငံသားတွေဟာ ဆေးကုသစရိတ်သက်သာတဲ့ အာရှတိုက်ကနာမည်ကြီးဆေးရုံတွေမှာ လာရောက်ဆေးကုသကြပါတယ်။ ဆိုလိုတာက ဈေးကြီးကြီးပေးရမှကောင်းတယ်ဆိုတဲ့ အယူအဆဟာ ခေတ်မမီတော့ပါဘူး။ ဈေးချို၍ထိရောက်သော (cost effective)ဆိုတဲ့ အယူအဆဟာ ခေတ်စားနေပါပြီ။          ကမ္ဘာပေါ်မှာ ဘယ်ဒေသမဆို မြို့ကြီးနဲ့နယ်မြို့လေးတွေ လူနေမှုစရိတ်ကွာခြားတာ သဘာဝပါ။ ပြီးတော့ မိဘတွေကင်းကွာစေချင်တဲ့ အပေါင်းသင်းဟောင်းတွေနှင့်တကွ ဖြတ်တောက်ဖို့ခဲယဉ်းတဲ့ မြို့ပြရဲ့ဆွဲဆောင်မှုအချို့ကိုလည်း ကာကွယ်ပြီး ဖြစ်သွားပါလိမ့်မယ်။             ဒါ့ကြောင့် မြို့ကြီးတွေနဲ့တန်းတူလည်းသင်ကြားပေးနိုင်၊ ဂုဏ်ထူးနှင့်အောင်ချက်လည်းမြင့်မား၊ ဈေးနှုန်းလည်းသက်သာပြီး ကျောင်းသား/မိဘနှင့် ဘော်ဒါရဲ့အုပ်ချုပ်သူတွေ ရင်းရင်းနှီးနှီးသိရှိဆွေးနွေးနိုင်တဲ့ မိသားစု ပုံစံနွေးနွေးထွေးထွေးဆက်ဆံရေးကို ခံစားကြည့်လှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။

WELCOME TO FAMILY PRIVATE HIGH SCHOOL Read More »