Our Achievements and Awards

       ၁၉၉၈-၉၉ပညာသင်နှစ်တွင် ကျောင်းသား(၄)ဦးဖြင့် အိမ်ရှယ်ဝိုင်းအနေဖြင့် စတင်ခဲ့ပါသည်။ (၄)ဦးစလုံးဂုဏ်ထူးထွက်ရှိ၍ တစ်ဦး မန္တလေးတိုင်းထူးချွန်ဆု ရရှိခဲ့ပါသည်။ ၂၀၀၀ ပြည့်နှစ်တွင် ကျောင်းသား(၇)ဦးလက်ခံသင်ကြားခဲ့ရာ (၇)ဦးစလုံး ဂုဏ်ထူးထွက်ရှိ၍ တစ်ဦးမှာ စက်မှုဝန်ကြီးမှ ချီးမြှင့်သော ပထမဆုရရှိခဲ့ပါသည်။ ၂၀၀၁ခုနှစ်တွင် မိဘများ ပိုမိုအားထားလာမှုကြောင့် (၂၄)ဦးထိတိုးချဲ့လက်ခံခဲ့ရာ (၂၃)ဦးအောင်၍ တစ်ဦးမှာ မန္တလေးတိုင်းအဆင့်(၆) ရရှိခဲ့ပါသည်။ သို့ဖြင့် ဘော်ဒါသက်တမ်း (၁၉)နှစ်အတွင်း အောင်ချက်နှင့်ဂုဏ်ထူးအရေ အတွက်မှာလည်းတစ်နှစ်ထက်တစ်နှစ် တိုးတက်မြင့်မားလာခဲ့ပါသည်။ ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှစ၍ ၂၀၁၈ခုနှစ်အထိ (၈)နှစ်ဆက်တိုက် အောင်ချက်ရာခိုင်နှုန်း (၉၃%)နှင့် အထက် ရရှိခဲ့ပါသည်။ နိုင်ငံတော်အစိုးရမှ ကိုယ်ပိုင်ကျောင်းများ စတင်ဖွင့်လှစ်ခွင့်ပြုခဲ့သော ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ဘော်ဒါအဖြစ်မှ ကိုယ်ပိုင်အထက်တန်းကျောင်းအဖြစ်သို့ ပြောင်းလဲတိုးမြှင့်ဖွင့်လှစ်ခဲ့ပါသည်။

ထူးချွန်ကျောင်းသားများအနေဖြင့်လည်း