happy ethnic woman sitting at table with laptop

နိုင်ငံခြားတွင် ဆေးကျောင်းတက်ရန် မျှော်မှန်းထားသော ညီလေးညီမလေးများအတွက် 

နိုင်ငံရပ်ခြားတွင် ဆေးကျောင်းတက်ဖို့ စဉ်းစားနေရင် အချိန်ပေးပြီးသေချာစဉ်းစားစေချင်ပါတယ် 

ကိုယ်စာလိုက်နိုင်တယ် ၊စာတော်တာ တစ်ခုတည်းကိုပဲ မစဉ်းစားစေချင်ပါဘူး၊ ငွေအင်အား လည်း အတော်လိုပါတယ် 

ပထမဆုံးအနေနဲ့ ဆေးကျောင်းဝင်ခွင့်ရဖို့ ပင် လွယ်ကူမရိုးရှင်းပါဘူး ။ သက်ဆိုင်ရာ နိုင်ငံအလိုက် ဝင်ခွင့်သတ်မှတ်ချက်တွေရှိပါတယ် ။ ဝင်ခွင့်သတ်မှတ်ချက်တွေကို နိုင်ငံအလိုက် အကျဉ်း လေးဖော်ပြပါရစေ  

UK လိုမျိုးဆို မြန်မာဆယ်တန်းပြီးရုံနဲ့ ဆေးကျောင်းတန်းတက်လို့မရပါဘူး A level ၂ နှစ်တက်ရပါတယ် A level မှာအမှတ်ကောင်းတာနဲ့ ဆေးကျောင်းဝင်ရောလားဆိုတော့ မဝင်သေးပါဘူး UCAT ဖြေရပါတယ် UCAT ဖြေပြီးမှ သက်ဆိုင်ရာကျောင်းက interview ခေါ်ပါတယ် interview မှာ အရွေးခံရရင်တော့ ဆေးကျောင်းတက်လို့ရပါပြီ  UK ဆေးကျောင်းတွေက အတော်ကောင်းတာပါ စရိတ်ကလည်း မနည်းလှဘူး ၅ နှစ်တက်ရမယ် တစ်နှစ်ကို သိန်း ၈၀၀-၁၀၀၀ ကြား ကုန်ကျမယ်   A level ကနေဆို ဆေးကျောင်းပြီးတဲ့အထိ ၇ နှစ်မလို့ ဘတ်ဂျက်ကို သေချာစဉ်းစားပြီးမှ တက်သင့်ပါတယ် 

Australia လိုမျိုးဆို ဆေးကျောင်းတန်းတက်ဖို့ အတော်မလွယ်ဘူးပြောရမယ် မြန်မာ ဆယ်တန်းပြီး ရင် Australia မှာfoundation တက်ပြီး  ဆေးကျောင်းတွေကို ဝင်ဖို့ မလွယ်ကူပါဘူး pre med 3 နှစ် or 4 နှစ်အရင်တက်ရပါတယ် pre med ပြီးတာနဲ့ ဆေးကျောင်းကို အလွယ်တကူဝင်နိုင်တယ် ထင်တတ်ကြပါတယ် မလွယ်ပါဘူး pre med မှာ တင် အမှတ်ကောင်းခဲ့ရုံနဲ့မရပါဘူး GAMSAT ဆိုတဲ့ The Graduate Medical School Admission Test ကိုဖြေရပါတယ် ဖြေပြီးရင်လည်း ကျောင်းကခေါ်တဲ့ interview ဖြေ အရွေးခံရပြီဆိုရင်တော့ ဆေးကျောင်းတက်လို့ရပါပြီ  ကုန်ကျမယ့်စရိတ်လေးတွက်ပြပါရစေ Australia ကစျေးကြီးတဲ့နိုင်ငံဖြစ်ပါတယ် 🥲 foundation + pre med 3/4 years ကတစ်နှစ်ကို သိန်း၅၀၀-၇၀၀ ကြားကုန်ကျမှာပါ ပြီးရင်ဆေးကျောင်း ကတော့ ၄ နှစ်တက်ရမှာပါ တစ်နှစ်ကို ၈၀၀-၁၀၀၀ ကြားသွားမှာပါ အချိန်ကလည်း foundation ကနေ ဆေးကျောင်းပြီးတဲ့အထိဆို ၈ နှစ်အနည်းဆုံးကြာမှာပါ အဲ့ဒါကြောင့် ဘတ်ဂျက်ရော ပေးရမယ့်အချိန်ကိုပါ သေချာစဉ်းစားစေချင်ပါတယ် 

UK တို့ Australia တို့က ကျောင်းပြီးလို့ အဲ့နိုင်ငံမှာပဲ လုပ်ရင် လိုင်စင်ပြန်ဖြေစရာမလိုတာတော့ အားသာချက်ပါပဲ အလုပ်တန်းရပါတယ် ဆေးကျောင်းကို UK / Australia မှာတက်ပြီး US မှာသွားအလုပ်လုပ်မယ်ဆိုရင်တော့ စာမေးပွဲ ပြန်ဖြေရမှာပါ

UK / Australia ကများလွန်းတယ် စရိတ် သက်သာချင်ရင်တော့ Europe ကနိုင်ငံတွေဖြစ်တဲ့ Czech, Poland , Hungary တို့ကလည်း ကောင်းပါတယ်

Czech ကတော့ မြန်မာဆယ်တန်းပြီးတာနဲ့မရပါဘူး A level တက်ပြီးမှ သက်ဆိုင်ရာကျောင်းတွေအလိုက် entrance exam ဖြေရပါတယ်  

Poland တို့ Hungary တို့ကတော့ မြန်မာဆယ်တန်းပြီးရုံနဲ့ တချို့ကျောင်းတွေ လက်ခံကြပါတယ် ဆယ်တန်းအမှတ် ၄၂၀ လောက်တော့ အနည်းဆုံးရှိရပါမယ် entrance လည်းဖြေရပါမယ် entrance အတွက်ကတော့ ဆယ်တန်းစာနဲ့မရပါဘူး Phys/ Chem / Bio ဖြေရမှာပါ Entrance exam မှာ bio လို့ပြောပေမယ့် ဆေးကျောင်းမှာသင်မယ့် anatomy/ physiology basic လေးတွေကိုပါ ပြင်ထားရပါတယ် 

ဆိုလိုချင်တာက မြန်မာဆယ်တန်းနဲ့လျှောက်လို့ရပေမယ့် entrance exam အတွက် ဆယ်တန်းစာနဲ့ မလုံလောက်ပါဘူး Europe ကဆေးကျောင်းတွေက ၆ နှစ်တက်ရတာပါ 

၆ နှစ်လုံး English program ဆိုပေမယ့် နောက်ဆုံး ၃ နှစ် clinical years ဆေးရုံသွားရတဲ့အချိန်တွေမှာ သူတို့ဘာသာစကား အနည်းအကျဉ်းနားလည်နေရင် ပိုအဆင်ပြေပါလိမ့်မယ်  နိုင်ငံပေါ်မူတည်ပြီး တစ်နှစ်ပို ၃၀၀-၅၀၀ ကြားရှိပါတယ်

UK / Australia နဲ့မတူတာက ၆ နှစ်ဆေးကျောင်းပြီးရင် အလုပ်တန်းမရပါဘူး အဲ့နိုင်ငံရဲ့ဘာသာစကားကို စာမေးပွဲဖြေလို့ အောင်မှ အလုပ်ရမှာပါ။ Europe မှာဆေးကျောင်းလာတက်တဲ့ international students တော်တော်များများက စရိတ်လျှော့ချင်လို့ပဲ လာတက်ကြတာပါ ဘွဲ့ရပြီးသွားရင် English speaking countries တွေဖြစ်တဲ့ Australia/US/ UK မှာအလုပ် လုပ်ကြတာများပါတယ် အဲ့နိုင်ငံတွေမှာ အလုပ်ရဖို့အတွက်တော့ သက်ဆိုင်ရာစာမေးပွဲတွေ ပြန်ဖြေဖို့တော့လိုပါတယ် 

နိုင်ငံတိုင်းမှာ pros and cons တွေရှိပါတယ် ဘယ်ကျောင်းက အကောင်းဆုံးဆိုတာထက် ကိုယ့်ရဲ့ဘတ်ဂျက်နဲ့ကိုက်ညီမယ့်နိုင်ငံ၊ ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့်နိုင်ငံကို သေချာရွေးစေလိုပါတယ်

 စာရှည်သွားပြီမို့ နောက်မှ ဆက်ရေးပါ့မယ် ဗျ